ခေါင်းတစ်ခြမ်း ကိုက်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ
ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက လူတိုင်းလိုလို ခံစားဖူးတဲ့ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။ ခေါင်းတစ်ခြမ်း ကိုက်တာကို ဘဝသက်တမ်းတလျှောက်မှာ တစ်ကြိမ်ကြိမ်တော့ ခံစားဖူးမှာပါ။ ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် နေ့စဉ် လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာရဲ့ အဓိက လက္ခဏာက ခေါင်းထဲနဲ့ မျက်နှာမှာ နာကျင်မှုကို ခံစားရတာပါ။
ခေါင်းကိုက်တာက အမျိုးအစားတွေ အများကြီးရှိပေမယ့် တင်းအားတွေကြောင့် ခေါင်းကိုက်တာကတေ့ အဖြစ်များပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာ ခေါင်းကိုက်တာတွေက များသောအားဖြင့်ကတော့ အန္တရာယ် မရှိပါဘူး။ ခေါင်းကိုက်တာ တစ်ခါတလေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာရဲ့ အခြေခံ အကြောင်းတရား ဖြစ်နေနိုင်ပါတယ်။
ဘာကြောင့်များ ခေါင်းတစ်ခြမ်းကိုက်ရတာလဲ?
ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းကို အခုထိ တိတိကျကျ မသိရသေးပါဘူး။ များသောအားဖြင့်ကတော့ ခေါင်းတစ်ခြမ်းကိုက်တာက ပုံမှန်မဟုတ်တဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေနဲ့ အာရုံကြော အချက်ပြစနစ်ကို ယာယီ ထိခိုက်တာကြောင့် ဖြစ်ရတာပါ။ ဦးနှောက်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေ နဲ့ ဓာတုပစ္စည်းလေးတွေကို ထိခိုက်စေတာကြောင့်ပါ။
ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ပြောင်းလဲစေနိုင်တဲ့အရာက ဘာလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ခေါင်းတစ်ခြမ်း ကိုက်ရတာက မျိုးဗီဇကြောင့် ဖြစ်နိုင်ခြေ များပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းတရားတွေက ဟော်မုန်း ပြောင်းလဲတာ၊ စိတ်ခံစားမ အပြောင်းအလဲ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ၊ စားသောက်မှုပုံစံတွေ၊ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေ နဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။
ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း
အမျိုးသမီး အချို့ဟာ ရာသီလာခါနီး အချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ ရာသီလာခါနီးမှာ ကိုယ်တွင်းမှာရှိတ့ အီစထရိုဂျင် အပါအဝင် ဟော်မုန်းတွေ ပြောင်းလဲတာကြောင့်ပါ။ ဒီအမျိုးအစား ခေါင်းတစ်ခြမ်း ကိုက်တာက ရာသီမလာခင် ၂ ရက်အလို နဲ့ ရာသီသွေးပေါ်ပြီး ၃ ရက်အကြာမှာ သက်သာသွားတတ်ပါတယ်။ ဒါကိုတော့ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တဲ့ ရသီလာခါနီး ခေါင်းတစ်ခြမ်းကိုက်ခြင်းလို့ သိရပါတယ်။
သွေးဆုံးခါနီးမှာလည်း ဟော်မုန်းပြောင်းလဲမှုကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ခံစားရနိုင်ပါတယ်။
စိတ်ခံစားမှုကြောင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း
- စိတ်ဖိစီးတာ
- စိုးရိမ်စိတ်များတာ
- ဖိအားများတာ
- ရုတ်တရက် ထိတ်လန့်တာ
- စိတ်ဓာတ်ကျတာ
- စိတ်လှုပ်ရှားတာတွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း
- ပင်ပန်းတာ
- အိပ်ရေးမဝတာ
- အဆိုင်းတွေနဲ့ အလုပ်လုပ်ရတာ
- ကိုယ်နေဟန်ထား မမှန်တာ
- ဇက်ကြော နဲ့ ပခုံးမှာတင်းအား များနေတာ
- ကိုယ်တွင်းဇီဝနာရီ ကမောက်ကမဖြစ်တာ
- သွေးတွင်းသကြားဓာတ် နည်းတာ
- လုပ်နေကျ မဟုတ်ဘဲ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်တာတွေပါ။
အစားအသောက်ကြောင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း
- အစားမမှန်တာ
- ရေဓာတ်လမ်းခြောက်တာ
- အယ်လ်ကိုဟော
- ကဖင်းပါတဲ့ စားစရာတွေ - ကော်ဖီ၊ လက်ဖက်၊ လက်ဖက်ရည်
- အချို့သော အစားအစာတွေ - ချောကလက်၊ အချဉ်စူးတဲ့ အသီးတွေ
- Tyramine ပါတဲ့ အစားအစာတွေ ပြုပြင်ထားတဲ့ အသား၊ တစေး၊ ဆားစိမ်အစားအစာတွေ၊ ကြပ်တင်အစားအစာတွေ၊ ချိစ်စတာတွေကို စားသုံးတာပါ။ ဒီအစားအစာတွေကို အခဲခံထားတာထက် အခန်းအပူချိန်မှာ ထားတာက tyramine ပမာဏကို တိုးစေနိုင်ပါတယ်။
ပတ်ဝန်းကျင် အခြေအနေကြောင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း
- အလင်းရောင် စူးတာ
- တီဗွီနဲ့ ဖုန်းစခရင်မ်တွေက အလင်းရောင်တွေနဲ့ ထိတွေ့မှု များတာ
- ဆေးလိပ်သောက်တာ (ဆေးလိပ်ငွေ့များတဲ့ အခန်းထဲမှာ နေတာ)
- အသံကျယ်တွေ
- ရာသီဥတု ပြောင်းလဲတာ
- အနံ့ပြင်းပြင်းတွေ
- မီးခိုးမြူတွေပါ။
ဆေးဝါးတွေ
- အိပ်ဆေးတွေ
- သန္ဓေတားဆေးတွေ
- ဟော်မုန်း အစားထိုးကုထုံးတွေပါ။
မွန်မွန်